Saturday, May 2, 2009

ချစ်ရေးဆိုမေ


ချစ်ဦးသူပျိုနှမမှာ
ဝင်းပပချိုမျက်နှာနှင့်

လမင်းတရာအလင်းထက်သာ
ဟန်မူယာချိုစကားနှင့်
ပျူငှာသူရက္ခသူဇာ။

ပန်းမြတ်သဇင်တော်ဝင်တင့်တယ်
ပင်ဖျားမှာဝေ
သဘ၀နဂိုအလှနှင့်
ရက္ခပျိုမေ။

နုလှဖြူစင်
မြင်သူမှာငေးမောရ
စံတင်ထိုက်သူပျိုနှမကို
မေတ္တာထားချစ်ရေးဆိုမေ။

မာသောအသည်းနုနယ်သေး
ချစ်ပွဲကိုမနွဲဖူးပါ
ဆုံသောဖူးစာ
ချစ်ဦးသူကိုရာ
အချစ်ပုံလိုပြုစုချင်စွာ
ချစ်နှမရက္ခသူဇာ
ကြည်ဖြူစွာလက်ခံလိုက်ပါ။

ခိုင်မင်းညို

0 comments:

Post a Comment

ကျေးဇူးအထူးတင်ဟိပါရ

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP