Thursday, January 29, 2009

ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိများကို ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတခုက ပြန်ပေးဆွဲ

1/25/2009

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ်မှ အစိုးရ အရာရှိများအပါအ၀င် လူ ၅ ဦးကို ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တခုမှ ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည်ဟု ဘင်္ဂလာ ရုပ်သံလိုင်း အေတီအမ်က ယနေ့ထုတ်လွှင့်ကျေညာသည်။

ပြန်ပေးဆွဲခံရသူများအထဲတွင် အမ်ဆာခေါ် ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်မှူး တဦးနှင့် ကျောင်းဆရာကြီး တဦးတို့ ပါဝင်သည်။

ယနေ့ညနေ ၇နာရီ သတင်း ထုတ်ပြန်ချက်အရ အဆိုပါ ပုဂ္ဂိုလ်များကို ပြန်ပေးဆွဲသူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒီပီအေခေါ် ဒီမိုကရက်တစ် (ရခိုင်ပြည်) အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကျေညာသည်။

ဒီပီအေ ပါတီမှာ အိန္ဒိယ မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး အဆိုပါ အဖွဲ့တွင် လက်နက်ကိုင် အင်အား ၅၀ ခန့် ရှိသည်ဟု သိရသည်။

အဆိုပါ အဖွဲ့သည် များမကြာမှီက စစ်တကောင်းတောင်တန်းနယ် ရွာတော်ခရိုင်မှ တောင်ပေါ်သား ၃ ဦးကို ပြန်ပေးဆွဲကာ ငွေသုံးသိန်းယူပြီး လွန်ခဲ့သော အပတ်က ပြန်လည် လွတ်ပေးခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အခြေစိုက် သတင်းစာများက ရေးသားဖေါ်ပြကြသည်။

ယခုကဲ့သို့ စွပ်စွဲမူများနှင့် ပတ်သက်ပြီး ဒီပီအေမှ ယခုအချိန်ထိ တစုံတရာ တုန့်ပြန်မူများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

ယခု ပြန်ပေးဆွဲမူကြောင့် ဘင်္ဂလာဒေခ်ျ့ အစိုးရပိုင်းမှ နယ်စပ်တွင် တပ်များကို တပ်လှန့်ထားလိုက်ပြီး များမကြာမှီ စစ်ဆင်ရေး တရပ် ပြုလုပ်လာနိုင်သည်ဟု ဘင်ဒရိုမြို့မှ မာရမာ အမျိုးသား တဦးက ပြောသည်။

ဘင်္ဂလာ စစ်တပ်မှ စစ်ဆင်ရေးလုပ်လျှင် အဆိုပါ ဒေသအတွင်း ရခိုင်ပြည်မှ လာရောက်ပြီး ရိုးရိုးအေးအေး လုပ်ကိုင် စားသောက်နေသူများမှာ စစ်တကောင်း တောင်တန်းနယ်မှ ထွက်ခွာပြီး တခြားနေရာများတွင် တိမ်းရှောင်နေရသည်ဟု သိရသည်။

နိရဉ္စရာ

Read more...

ရခိုင်ခေါင်းဆောင်နှစ်ဦး အမျိုးဂုဏ်ကိုဖော်ဆောင်


မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။

တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာလန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။ အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီအစဉ်ကို ဒေါက်တာ စိန်ဝင်းခေါင်းဆောင်သည့် ယခင် (၅) ဦး စင်ပြိုင်အစိုးရ (ဟောင်း) က မထောက်ခံခဲ့ပေ။ ထို့ကြောင့် ညီလာခံ မတိုင်မီ် အုပ်စုအားပြိုင်မှုများ၊ မဲဆွယ်မှုများ၊ မဲဝယ်မှုများ ရှိနေသည်ဟု စုံစမ်းသိရသည်။ ညီလာခံမစခင်ကပင် ဒေါက်တာစိန်ဝင်းအုပ်စုက မည်သည့်ကိစ္စ ဆွေးနွေးမည်၊ မည်သည့်ကိစ္စ ကန့်ကွက်မည်ကို ထောက်ခံသူများနှင့် ကြိုတင် စည်းဝါးရိုက်ထားပြီးဖြစ်သည်ဟု ဒေါ်စန်းစန်းက စွပ်စွဲသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး ထောက်ခံသည့် အမတ်အချို့ ၀န်ကြီးဖြစ်တော့မည်ဆိုသည့်သတင်းမှာ ညီလာခံမသွားခင်ကပင် မဲဆောက်နိုင်ငံရေးလောကတွင် သတင်းပျံ့နှံ့နေသည်။ ၀န်ကြီးဖြစ်မည့်သူ တဦးကဆိုလျှင် ဒေါက်တာစိန်ဝင်းကျေနပ်အောင် စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စကို ကန့်ကွက်မှ ဖြစ်မည်ဟုပင် လာပြောကြောင်း ဒေါ်စန်းစန်းက ပြောသည်။

အိုင်ယာလန်တွင် ကျင်းပခဲ့သည့် အမ်ပီယူညီလာခံကာလအတွင်း အမတ်အချင်းချင်း စကားများပြီး ထိုးကြိတ်သတ်ပုတ်ကြသည့်အတွက် သွေးထွက်သံယို နဖူးကွဲပြီး ချုပ်ရသည်ထိ ဖြစ်ခဲ့ကြောင်း ဒေါ်စန်းစန်းက အတည်ပြုပြောသော်လည်း မည်သည့်အမတ်များဖြစ်ကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

သို့သော် ညီလာခံ၌ အမတ် ဦးအောင်ထွန်းစိန်နှင့် အမတ် ဦးထွန်းဝင်းတို့နှစ်ဦး ထိုးကြိတ်မည့် အခြေအနေများထိ ရောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း မည်သည့်ကိစ္စအတွက် ခိုက်ရန်ဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ခေတ်ပြိုင်

Read more...


(၀ဲမှယာ) - ဒေါက်တာမြင့်ချို၊ ဒေါက်တာတင့်ဆွေ၊ ဦးထွန်းဝင်း၊ ဦးဘိုလှတင့်၊ ဒေါက်တာစိန်ဝင်း၊
ဦးခွန်မြင့်ထွန်း၊ ဦးခွန်မားကိုဘန်း၊ ဦးဝင်းလှိုင်နှင့် ဒေါ်စန်းစန်း(နောက်ကျောပေး)

Read more...

ရိုဟင်ဂျာနာမည်ခံများ ထိုင်းသိုခိုးဝင်

ထိုင်းနိုင်ငံသို့ နောက်ဆုံး ရောက်လာသည့် လှေစီး ရိုဟင်ဂျာများကို ကုလသမဂ္ဂ အရာရှိများနှင့် တွေ့ဆုံခွင့် ပြုမည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက် များနှင့် ယနေ့ တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။



လှေဖြင့်ရောက်လာသူများနေရပ်ရင်းသို့ပြန်သည့်အခါ အန္တရာယ်ရှိ မရှိ သွားရောက် စစ်ဆေး ကြည့်ရှုလိုသည် ဟူသော ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ထိုင်းအစိုးရက ယခုမှ လိုက်လျောမည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကျမတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှု အပြည့် အဝ ရှိပါတယ်။ ဒါပေမယ့် သွားတွေ့ဖို့ အတွက်တော့ တရားဝင် ခွင့်ပြုချက် မရသေးပါဘူး” ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောခွင့်ရ အမျိုးသမီး Kitty McKinsey က ဧရာဝတီသို့ ပြောပြသည်။

နောက်ဆုံး ရောက်လာသည့် ရိုဟင်ဂျာ အုပ်စုတွင် စုစုပေါင်း ၇၈ ဦး ပါဝင်သည်။ ၎င်းတို့အထဲမှ အသက် ၁၉ နှစ် နှင့် အထက် လူကြီး ၆၆ ဦးကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက် လာမှုဖြင့် ယမန်နေ့က ဒဏ်ငွေ ဘတ် တထောင် (ဒေါ်လာ ၃ဝ)ကျစီ ပေးဆောင်ရန် စီရင်ချက် ချခဲ့သည်။ ဒဏ်ငွေ ပေးဆောင်နိုင်ခြင်း မရှိသဖြင့် စီရင်ချက်မှာ ထောင်ဒဏ် ၅ ရက်သို့ ပြောင်းလဲ သွားသည်။ ၁၉ နှစ်အောက် လူငယ်များကိုလည်း လူကြီးများနှင့် အတူ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ဆိုသည်။

အမည် မဖော်လိုသူ မြန်မာ စစ်အစိုးရ အရာရှိတဦးက “လွတ်လပ်ရေး မရခင်တုန်းကရော၊ ရပြီးတော့ရော မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ တိုင်းရင်းသား မရှိခဲ့ဖူးဘူး” ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ယနေ့ ပြောကြားလိုက်သည်။

“ရိုဟင်ဂျာ လို့ ဆိုနေတဲ့ သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပဲ။ မြန်မာပြည်က လာတဲ့ ရိုဟင်ဂျာလို့ အသံကောင်း ဟစ်ပြီး အနောက်နိုင်ငံတွေဆီက စာနာမှုကို ရဖို့ ကြိုးစားနေကြတာပဲ” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။

Read more...

Wednesday, January 14, 2009

လူငယ်အတွေး

လူငယ်အတွေး

လူတိုင်းက ကိုယ့်ဘ၀ကိုကိုယ် ဆီးရောင်ခြယ်ကတ်ခြင်းရာ မည်သူမပြု မိမိမှု
လက်ရှိအခြီအနီတိုင်း နီရာတိုင်းစွာ ကိုယ်လက်ခံထားစွာတိဖြစ်တေ
ယင်းအထဲမှာ ကိုယ်ကနှစ်လိုမှု မနှစ်လိုမှု ရောပွန်းထွီးလို့ ရှိနီဖို့ စွာဗျာလ်
မနှစ်လိုရေ အခြီအနီတိက ရုန်းထွက်ဖို့ ကြိုးစားဖို့ လား ယင်အတိုင်း
မနှစ်လိုမှုတိကို လက်ခံထားဖို့ လား။
ယပြီးသနာ
အချေကပင် လပွန်းနတီရှိခရေ အစွဲချေတခု
ရောင့်ရဲတတ်ခြင်းသည် ဘ၀၏ အီးမြသောစမ်းချောင်းတခုအဆို
တိုးတက်ရေလူငယ်တိအတွက် ရှိက ကလားကာဆီးတားလိုက်တေပိုင်မနီလား
ရောင့်ရဲခြင်းကို နီရာနန့် လိုက် ကျင့်ကြံတတ်ဖို့ ဖြစ်တေ လုံးဝကြီးရမက်တက်ရမေလို့ ဆိုလိုနီခြင်းကားမဟုတ်

ပညာရှိရို့ မည်သည် မိမိကိုယ်ကို နှိမ်ချ၍ ပြောဆိုကြသည်။
မိမိကိုနှိမ့်ချခြင်းသည် မင်္ဂလာတပါး လို့ ဆိုကတ်တေ ယင်းချင့်လည်း
တိုးတက်မှု၏ အနှောင်အဖွဲ့ တခုဖြစ်တေ မိမိကိုမြှင့်တင်မှ အမြင့်သို့ ရောက်လိမ့်မေ
ကိုယ့်ကိုကိုယ် ဘ၀င်မြင့်ရမေလို့  မဆိုလို
မိမိကိုယ်ကို နှိမ့်ချခြင်းသည် မိမိကိုယ်ကို လူတောမတိုးအောင် ပိတ်ဆို့ လိုက်ခြင်းဖြစ်တေ
မိမိကိုယ်ကို မြှင့်တင်ဖို့ လိုအပ်တေ
သို့ သော် --
ရိုးသားခြင်းသည် ဘ၀၏အောင်မြင်မှုကိုအမြဲ မြင့်တင်ပီးတတ်သည်အရာပင်--------------------
--------------------------------------------------------------------------------------------


သျှင်စိုး

Read more...

Sunday, January 11, 2009

ရခိင်ဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါက်တာ ဦးစောမြအောင်ကွယ်လန်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ဦးစောမြအောင်ကွယ်လွန်

1/6/2009

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်စောမြအောင်သည် ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၅ ရက်နေ့ ညနေ ၇ နာရီတွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သံလွှင်လမ်း နေအိမ်၌ ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။

ဦးစောမြအောင်မှာ မြောက်ဦီးမြို့ ဇာတိဖြစ်ပြီး ဖခင် ဦးစောလှအောင်နှင့် မိခင် ဒေါ်ပန်းစံတို့၏ သားထွေး ဖြစ်သည်။

ဦစောမြအောင်မှာ ၁၉၈၈ ခုနှစ် န၀တ စစ်အစိုးရမှ ပါတီများကို ရွှေးကောက်ပွဲဝင်ရန်အတွက် ဖွဲ့စည်းခွင့်ပေးခဲ့ရာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို မျိုးချစ် ပြည်ချစ် ရခိုင်အမျိုးသားများနှင့် စုပေါင်း စတင်တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်း၏ ဥက္ကဌ တာဝန်ကို သေဆုံးချိန်ထိ ထမ်းဆောင်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် န၀တမှ ပြုလုပ်သော ရွှေးကောက်ပွဲတွင် မြောက်ဦးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ လွတ်တော်ကိုယ်စားလှယ် အဖြစ် အရွှေးခံရသည်။

န၀တမှ ရွှေးကောက်ပွဲ အပြီးတွင် သူဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို မတရား ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်းတွင် သူ့အားဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပြန်လည် လွှတ်မြှောက်လာခဲ့သည်။

ဒေါက်တာ ဦးစောမြအောင်သည် မျိုးချစ်ရခိုင် တဦးဖြစ်ပြီး သေဆုံးသည့် အချိန်ထိ ရခိုင်အမျိုးသားကောင်းစားရေး ၀ါဒကို လက်ကိုင်ထားပြီး ရခိုင်အမျိုးသားများ ချမ်းသာကြီးပွားရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သူ ခေါင်းဆောင် တဦးဖြစ်သည်။

ဆရာကြီး ဒေါက်တာ စောမြအောင်၏ ရုပ်ကလပ်ကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ရေဝေးသုဿန်တွင် မိသဂြိုလ်ခဲ့ကြောင်း သိရသည်။

ဆရာကြီးတွင် ဇနီး ဒေါ်စောတင်နှင့် သားသမီး ၅ ဦး၊ မြေး တဦး ကျန်ရစ်ခဲ့သည်။

ဆရာကြီးကွယ်လွန် အနိစ္စရောက်သွားသဖြင့် ဆရာကြီး အတွက် ရခိုင်ပြည်သူများပါမက သူ၏ လုပ်ဖေါ်ကိုင်ဘက် ဗမာ အမျိုးသားများ တိုင်းရင်းသား ခေါင်းဆောင်များပါ အထူးဝမ်းနည်းကြေကွဲနေကြောင်း သိရှိရပါသည်။

Read more...

Friday, January 9, 2009

လမ်းခုလတ်မှတ်တမ်း


လမ်းခုလတ်မှတ်တမ်း


လောကကြီးမှာ လှပသာယာရေ ဘ၀ချေတခုကို တည်ဆောက်ဖို့ အတွက် လှပဆန်းသစ်တေ ရည်မှန်း ချက်ချေ တခုတော့ လိုအပ်လိမ့်မေ။ မြင့်မြင့်ကိုကြံမှ မြင့်မြင့်ကိုရောက်ဖို့ ရည်မှန်ချက်ကို မြင့်နိုင်သမျှ မြင့်နီဖို့ စွာက လွယ်ကူသလောက် လက်တွိလုပ်ဆောင်ရစွာက ခက်ခဲကြမ်းတမ်းပြီးလွယ်ကူလိမ့်မေမ ဟုတ်။ ဖြစ်ချင်စွာကို စိတ်ကူးထဲမှာဘဲ ထားလို့ ကတော့ ဇာခါလည်းရုပ်လုံးပေါက်ဖို့ မဟုတ်။ ရည်မှန်း ချက်ကြီးသလောက် ပီးဆပ်မှုက ကြီးမားဖို့  စွာဗျာလ်။ ဒေလောကကြီးမှာ အောင်မြင်သူတိုင်းစွာ တ ယောက်လည်းအလကား ထိုင်ဗျာလ်ရလာစွာမဟိ။ အနာမခံဘဲ အသာစံချင်လို့ ဇာနေရာ မှာလည်းရလီ ဖို့ မဟုတ်။ ရည်မှန်ချက် မရှိရေလူစွာ သီနီရေလူနန့် တူရေလို့  ပြောကတ်တေ။ ကြီးမားရေ ရည်မှန်ချက် တိထားဗျာလ် ဖြစ်မလာရေခါ ဖြစ်ချင်စွာတိဖြစ်ချင်စွာ တိဖြစ်လီဖိ ဆိုပ နာဘ၀ကို ရီစုံမျှော ပလိုက်တေ ခါ နောက်ဆုံးမှာ မဖြစ်ချင်စွာတိရာ ဆက်တိုက်ဖြစ်ပါလတ်တေ။ လူဘ၀မှာ အ ရွယ်အမျိုးမျိုး ကိုဖြတ် ကျော်ကတ်ရရေ။ ကိုယ်ကဒေအရွယ်မှာ ရည်မှန်းချက်တမျိုးရှိကေ နောက်အရွယ်အမျိုးမျိုး ကိုဖြတ် ကျော်ရေခါ ရည်မှန်းချက်တိအမျိုးမျိုးအဖုံဖုံပြောင်းလဲနိုင်ရေ။ လူဘ၀မှာ လူအများစုရေ ဘ၀တ လျှောက် လုံးမှာ ရည်မှန်းချက် မြောက်မြားစွာကို ထမ်းပိုးရင်း လောကကြီးကိုစွန့်ခွာလားကတ်တေ။ အောင်မြင် ရေလူအ များစုရေ ရည်မှန်းချက်ကို တခုတည်းရာ ထားရေလူတိဖြစ်တေ။ ရည်မှန်းချက်ဆို စွာ ရည်မှန်ဖို့ အတွက်မဟုတ် ဖြစ်အောင်လုပ်ဖို့ ဖြစ်တေ။ တချို့ ကပြောကတ်တေ တန်ရာတန်ရာ မှန်းဗ လင်လတ်။ လူလို့ ဖြစ်လာရေ တည်းက ပင် ခြီနှစ်ချောင်းလက်နှစ်ချောင်းနန့် ပခုံးကြားမှာ ခေါင်းထွက်နီ ကတ် စွာဗျာလ်။ မဖြစ်နိုင်ဆိုစွာမရှိဆိုရေပိုင် မရှိ နိုင်ဆိုစွာလည်းမဖြစ်နိုင်။ ယေကေလေ့ ရည်မှန်းချက် ဆိုစွာ ကိုနန့် လိုက်ဖက်ညီဖို့ စွာကို ရွီးချယ်ခြင်းက ဘ၀အ တွက်အကောင်းဆုံးဖြစ်ဖို့ ။ ငယ်ရွယ်စဉ်အခါ က အရူးအမူးဖြစ်ခကေလည်း အရွယ်ရောက်လာရေခါ အခြားတခု ကိုပြောင်းလဲလားနိုင်ရေ။ ယင်းအ တွက်နန့် ရည်မှန်ချက်ဆိုစွာ ရွီး ချယ်တတ်ဖို့ လိုရေ။

Read more...

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP