Thursday, January 29, 2009

ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိများကို ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတခုက ပြန်ပေးဆွဲ

1/25/2009

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ်မှ အစိုးရ အရာရှိများအပါအ၀င် လူ ၅ ဦးကို ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တခုမှ ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည်ဟု ဘင်္ဂလာ ရုပ်သံလိုင်း အေတီအမ်က ယနေ့ထုတ်လွှင့်ကျေညာသည်။

ပြန်ပေးဆွဲခံရသူများအထဲတွင် အမ်ဆာခေါ် ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်မှူး တဦးနှင့် ကျောင်းဆရာကြီး တဦးတို့ ပါဝင်သည်။

ယနေ့ညနေ ၇နာရီ သတင်း ထုတ်ပြန်ချက်အရ အဆိုပါ ပုဂ္ဂိုလ်များကို ပြန်ပေးဆွဲသူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒီပီအေခေါ် ဒီမိုကရက်တစ် (ရခိုင်ပြည်) အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကျေညာသည်။

ဒီပီအေ ပါတီမှာ အိန္ဒိယ မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး အဆိုပါ အဖွဲ့တွင် လက်နက်ကိုင် အင်အား ၅၀ ခန့် ရှိသည်ဟု သိရသည်။

အဆိုပါ အဖွဲ့သည် များမကြာမှီက စစ်တကောင်းတောင်တန်းနယ် ရွာတော်ခရိုင်မှ တောင်ပေါ်သား ၃ ဦးကို ပြန်ပေးဆွဲကာ ငွေသုံးသိန်းယူပြီး လွန်ခဲ့သော အပတ်က ပြန်လည် လွတ်ပေးခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အခြေစိုက် သတင်းစာများက ရေးသားဖေါ်ပြကြသည်။

ယခုကဲ့သို့ စွပ်စွဲမူများနှင့် ပတ်သက်ပြီး ဒီပီအေမှ ယခုအချိန်ထိ တစုံတရာ တုန့်ပြန်မူများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

ယခု ပြန်ပေးဆွဲမူကြောင့် ဘင်္ဂလာဒေခ်ျ့ အစိုးရပိုင်းမှ နယ်စပ်တွင် တပ်များကို တပ်လှန့်ထားလိုက်ပြီး များမကြာမှီ စစ်ဆင်ရေး တရပ် ပြုလုပ်လာနိုင်သည်ဟု ဘင်ဒရိုမြို့မှ မာရမာ အမျိုးသား တဦးက ပြောသည်။

ဘင်္ဂလာ စစ်တပ်မှ စစ်ဆင်ရေးလုပ်လျှင် အဆိုပါ ဒေသအတွင်း ရခိုင်ပြည်မှ လာရောက်ပြီး ရိုးရိုးအေးအေး လုပ်ကိုင် စားသောက်နေသူများမှာ စစ်တကောင်း တောင်တန်းနယ်မှ ထွက်ခွာပြီး တခြားနေရာများတွင် တိမ်းရှောင်နေရသည်ဟု သိရသည်။

နိရဉ္စရာ

0 comments:

Post a Comment

ကျေးဇူးအထူးတင်ဟိပါရ

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP