Monday, February 2, 2009

ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် ဘင်္ဂလားဒေ့ခ်ျ့ မှကွန်မဒိုအဖွဲတိုက်ပွဲဖြစ်

်မြန်မာ-ဘင်္ဂလာနယ်စပ် ဘင်ဒရိုဘင်ခရိုင်တွင် ဘင်္ဂလာဒေခ်ျ့မှ ကွန်မဒို တပ်ဖွဲ့ တဖွဲ့နှင့် မြန်မာနိုင်ငံမှ ၀င်ရောက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ အကြား ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲမှာ ဘင်ဒရိုဘင် ခရိုင် ရုံမော်မြို့နယ်တွင် ဖြစ်ပြီး အချိန် ၁ နာရီကျော် ကြာမြှင့်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးရမိသည်ဟု ဘင်္ဂလာ စစ်တပ်မှ ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ အမည်ခံ ဒီမိုကရက်တစ် (ရခိုင်ပြည်) အဖွဲ့မှ ခေါင်းဆောင်များ ဖြစ်နိုင်သည်ဟု စစ်တပ်ကို ကိုးကားပြီး ယနေ့ထုတ် ဒေလီးစတား အင်္ဂလိပ်သတင်းစာက ဖေါ်ပြသည်။

၎င်းအပြင် အဆိုပါ သတင်းစာမှ အဆိုပါ အဖွဲ့မှာ ယခုလ ၂၄ ရက်နေ့က တောင်ပေါ်သား ၈ ဦးကို ပြန်ပေးဆွဲပြီး ၄ ဦးကို မူ ငွေယူပြီး ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၄ ဦးကို ခုထက်ထိ ဖမ်းဆီးထားတုန်း ဖြစ်သည်ဟု ဖေါ်ပြသည်။

အဆိုပါ ပြန်ပေးဆွဲအဖွဲ့အား စစ်တပ်မှ စစ်ဆင်ရေး တရပ်ပြုလုပ်ပြီး နှိမ်နှင်းရန် ကြိုးစားနေစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ စစ်တပ် သတင်းရပ်ကွက်အရ ယခုပြုလုပ်နေသော စစ်ဆင်ရေးတွင် စစ်သား ၂၀၀ ပါဝင်ပြီး ထိုအထဲမှ ကွန်မဒို ၃၀ က ပြန်ပေးသမားများ ခိုအောင်းနေရာကို ချဉ်းကပ်စဉ် ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် နယ်စပ် အခြေအနေမှာ အထူး ရှုပ်ထွေးနေပြီး အဆိုပါဒေသတွင် နေထိုင်သူ ရခိုင်အမျိုးသားများမှာ စစ်တပ်မှ ဖမ်းဆီးမည်ကို စိုးရိမ်၍ အိုးအိမ်များကို စွန့်ပစ်ပြီး ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဘင်ဒရိုဘင်မှ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

နိရဉ္စရာ

0 comments:

Post a Comment

ကျေးဇူးအထူးတင်ဟိပါရ

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP