ထွေရာလေးပါးကို
တွေဝေမိန်မောယင်း
သဝေထိုးနီရေမနော
ရောဂါအနာကျနီရေ ပစ္စုပ္ပန်
ဘ၀င်မကျလှရေ အနာဂတ်
ထွီးလုံးပတ်လုံး........
အဟိကို အဟိအတိုင်း
မဖြစ်စွာက ဂွကျရေမနား
ချင်ခြင်းတရားကို ဥပက္ခာပြုထားဦး
သင့်၏ မသင့်၏ကိုရာဆို
ဖြစ်ဖို့မဖြစ်ဖို့စွာကို ဘေးချိတ်
သေချာစွာက ခ၀ါခရဖို့စွာဗျာလ်မနား..
တီးရေဆိုင်းနန့် ကပြနိုင်ဖို့က
ဒိုင်ဒိုင်ချိုးတတ်ဖို့ စည်းနန့်ဝါးကျဖို့လိုသိရေ..
လက်ဝါးဖြန့်ပြဖို့ထက်
လက်မထောင်ပြနိုင်ဖို့က အဓိက..
တိကျခိုင်မာဖို့အတွက်
ယုတ္တိဆန်ဖို့အခရာဖြစ်တေ..
ပုဇွန်စိတ်ချေ ပင်လယ်ကူးနိုင်တိုင်း
ဆင်ပြောင်ကြီးကူးနိုင်ဖို့မဟုတ်
အံဝင်ဂွင်ကဖြစ်ခိမှ..
တရားလက်လွတ် မင်းမူနီခြင်း
စိတ်လွှတ်ကိုယ်လွှတ် မကြည်လင်ခြင်း
စိတ်ရှိလက်ရှိ နားလည်မူတိလွဲခြင်း
မဆင်မခြင် နထင်သွီးတက်ခြင်း..
ဇာဘင်ပြောပြော နှလုံးသားထဲက
လှိုက်လှိုက်လှဲလှဲ ပြုံးပြနိုင်ခြင်းက
ယထာဘုတကျဖို့မဟုတ်လား
တမဟုတ်ချင်းမဟုတ်ကေတောင်
တမုတ် တမုတ်ချင်းနန့်
အတွင်းလှိုက်စား ဂလုံခံလားဗျာလ်..
သီးယင်းသီးယင်းနန့် ဖျင်းလားစွာတိ
အထက်ပေါ်ရီကြိုင်နီလို့မဖြစ်
အနှိုက်ကိုပါ စစ်ထုတ်မှစင်ကြယ်ဖို့
မဟုတ်ကေ
လှုပ်မိတိုင်း ထိမိတိုင်း
နောက်လားလီဖို့စွာဗျာလ်..
အရည်အချင်းက အရည်အတွက်သို့
အရည်အတွက်က အရည်အချင်း...
ဖြစ်လာနိုင်စွာဗျာလ်...
ဖြည့်လောင်းဖို့နန့် ပြင်းပြဖို့ရာ အဓိက...
ပိတ်ပိန်နီရေအထဲမှာ
ကိုယ်ကိုကိုယ်စမ်းတွိဖို့ အယင်လိုရေ..
ဇာနီရာမှာ ရပ်နီလေ
တဖက်ဖက်ကိုကျွံနီလား
အလယ်မှာ ဖဂါးစီးထားရေလား
ယပြီးသနာ
တရသီဆုတ်ထားဖို့လား
ရရွက်ချေ မသီမကျိုးထားဖို့လား
အထင်ကရကိုမတွေးခင်
တဒင်္ဂမှာ အဆင်ပြေနီဖို့အရေးကြီးလား
ရင်တမမနန့် ခြီလှမ်းတိုင်းက
ပိုလို့အလှမ်းဝီးစီရေ....
မ၀ံ့မရဲခြင်းက
ပိုလို့တုန်လှုပ်ခြောက်ခြားစီရေ..
ဥပါဒါန်ကြောင်း ဥပါတ်ဖြစ်စီရေဆိုမနား..
နင်လားငါလားကျခါမှ
အပျံသင်ကေ လောက်စာလုံးနန့်တွိဖို့..
ရောင့်ရဲတတ်ဖို့ထက် ရှာကြံတတ်ဖို့က
အချက်အချာကျရေပိုင်
ရိုသေတတ်ဖို့ထက်
ကိုယ်ကျင့်တရားကောင်းဖို့က ပိုအရေးကြီးပါရေ..........။
သျှင်စိုး(၁၀ - ၈ - ၀၈)
Read more...