အဖရက္ခမြီ
ဗြိန်းစောင်ဗြိန်းစောင်
လက်သံပြောင်ကေ
တောင်စိုင်ရိုးမ
ဘင်္ဂလားရီ
တုန်လီလှူပ်ခတ်
ပဲ့တင်ခတ်မျှ
ပျံ့လွှင့်ခသည်
ဗဟိုစည်။
စာပီကျမ်းဂန်
မူပိုင်ဟန်နန့်
ဝဏ္ဍအက္ခရာ
ထွင်းကျောက်စာရို့
သာစွဌါနီ
ငါရို့မြီမှာ
သက်သီသမိုင်းတုနှိုင်းမမှီ
ဟိလီသည်။
ဓညရမ္မာ
မေဃဒွါရာ
ညီညာစုပေါင်း
ရွှေထီးဆောင်းလျှက်
ရှိယင်ဆက်ဆက်
တိုးတက်ရှည်လျှား
သမိုင်းအားမာန်
ဝင့်ဟန်တင့်စွ
သာလီစွလေ
လခြမ်းမြီ။
ရှင်တော်ဗုဒ္ဓ
ကြွမြန်းခလီ
ငါရို့မြီမှာ
ရွှီရောင်ထွန်းပေါ်
ကိုယ်ငွီ့တော်သွင်း
သျှင်တော်မုနိ
တည်ထားရှိခ
အနုပညာ
ထွန်းလက်ရာနန့်
ဇာတိပုထိုး
လက်ညိုးမလွဲ
ကိုးကွယ်လီခ
ဗုဒ္ဓသာသနာ
ရောင်ဝါထွန်းလီ
ငါရို့မြီ။
အဉ္စနဂစ္ဆပ
နတ်မြစ်မယူ
မအီတန်းလွဲ
မြစ်ဝှမ်းမြေဆီ
လွန်ကောင်းလီကေ
ဆန်ရီစပါး
သားငါးပေါလျှံ
သယံဇာတ
ပေါကြွယ်ဝလီ
အဖမြီ။
ရပ်ခြားကုန်သွယ်
ကူးသန်းဝယ်ရောင်း
သယ်ယူရီကြောင်း
လွန်စွာကောင်းရာ
ကမ္ဘာဈီးကွက်
အချက်မဏ္ဍိုင်
ရခိုင်ဒင်္ဂါး
လွန်ထင်ရှားခ
သာလီစွလေ
လခြမ်းမြီ။
အမျိုးသီလ
စောင့်ထိန်းခလို့
ကမ္ဗည်းရက္ခ
စိုက်ထူခကေ
ရှိကစိုင်လာ
ထိမ်းဆက်ကာလျှင်
ဇာတိမျိုးဟန်
အမြီခံ၍
စံတင္ကတ္လီ
မျိုးအာရီယန်။
သျှင်စိုး
Saturday, May 2, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment