Tuesday, May 5, 2009

ကဗျာသွီးစက်


ရင့်ကျက်မှုမဲ့ရေ
ငါအတွေးအခေါ်တိ
အသိမကျယ်အမြင်နန့် 
ဆင်ခြီဆက်လက်ပီးလို့ 
ကဗျာတိရွီးလိုက်ဗျာလ်။


အမြင်မဟိ
အသိမပါ ငါကဗျာကား
ပညာမပါ ကာရံမလှ
မပီတချက် ပီတချက်နန့် 
မျက်စီးသူငယ် နားသူငယ်နန့် 
တွယ်မက်စရာမဟိပါလေ
ငါမှာခံပြင် ခါးသီးရေခံစားချက်
ငါ့ ရင်ဝက ပေါက်ထွက်ယိုစီးလာရေ
ကဗျာသွီးစက်ပါ။


ငါ၏ကဗျာ
စာမပီ လက်ရာမမြောက်
အရောင်မတောက်ပ
မမွီးအနံ့ အရွီးညံ့ကေလေ့
သွီးညှိနံ့ တော့ နံပါဖို့ ။

ငါ၏ကဗျာ
မာနမကင်း ဒေါသမစင်
အတ္တဆင်မြန်း အသွင်ကြမ်းနန့် 
မျက်ကန်းမျိုးချစ်
ထုဆစ်လက်ရာ
မချိုသာကေလေ့
သစ္စာဠိ ဌါန်အမှန်တရား
ဆုတ်ထားမြတ်နိုး
ကိုယ့်လူမျိုးအတွက်
အပ်ကြိုးမျှင်မျှ
ဆွဲတင်းခကေ ငါကျေနပ်တေ။

ငါ၏ကဗျာ
ဇာမရီငှက်ပိုင်
အတောင်ထွက်ဗျာလ်
ရက္ခပြည်သူရှိမှောက်
ဝပ်စင်းရောက်ပနာ
ငါမှာခံပြင်း ခံစားရသို့ 
ဝီးမျှခံစားနိုင်ပါစီ။



သျှင်စိုး(7.8.08)

0 comments:

Post a Comment

ကျေးဇူးအထူးတင်ဟိပါရ

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP