Saturday, May 2, 2009

အက်ဒီဆင်တက်သီးခေါက်တေ'ညာဥ့်'

နီရောင်ကွယ်ပျောက် ညာဥ့်အမှောင်ကိုရောက်လို့
စမ်းတ၀ါးဝါးနန့် ထိုတိုးဒေတိုး
ဂျောက်ကျသူကကျ စူးနင်းမိလို့
အဆိပ်တက်သူကလည်းတက်
ကြောက်ဖို့ကောင်းရေညာဥ့်မှာ
လမိုက်လို့ လူမိုက်ကပျော်ပွဲဆင်

ကယ်တင်သျှင်ကြိုးစင်တက်
ခဲဝါကယာဇ်ပူဇော်ရေ အစာတိကိုစားဖို့
တ၀ူးဝူးအော်နီဂတ်တေ ညာဥ့်။



ငုသံကျွီးသံ ရယ်သံ လှောင်ပြောင်သံ
သက်ပြင်ချသံ စိန်ခေါ်သံ အသံမျိုးစုံနန့်

ဒုက္ခအတိ ညာဥ့်။

တစ်ယောက်ထက်ကိုတစ်ယောက်ပံလဲကျ
ကိုယ်ကို ကိုမမြင်ဘဲ အခြားတယောက်ကိုကူညီချင်
မျက်မမြင်လမ်းပြ အနာဂါတ်ကြယ်တိကြွီကျခရေညာဥ့်

မရှုမလှဒေညာဥ့်၏ လူသားအတွက်
'လျှပ်တပြအလင်း' ကိုကမ္ဗည်းတင်
အက်ဒီဆင် တက်သီးခေါက်
အမှောင်ထုကတောခါ ကြောက်နိန်ဗျာထင်ရေ
ဝါးလုံးခေါင်းထဲမှာ ပုန်းဗျာ မာန်နတ်ကိုအကူအညီတောင်းနိန်ရေ။


ခိုင်မျိုးသိန်း

0 comments:

Post a Comment

ကျေးဇူးအထူးတင်ဟိပါရ

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP