Tuesday, February 3, 2009

ရခိုင်မိသားစုအဖွဲ့ဝင်နှစ်ဦးကို မူဆလင်များက ဓါးနှင့်ခုတ်

2/2/2009

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရခိုင် အမျိုးသား လင်မယားနှစ်ဦးကို အမည်မသိသူ မူဆလင် ဘာသာဝင် ၅ ဦးက ဓါးဖြင့် ၀င်ရောက် ခုတ်သတ်သွားကြောင်း သတင်း ရရှိ သည်။

အရပ်လူကြီး တဦးမှ နိရဉ္စရာသို့ ဖုံးဖြင့် အကြောင်းကြား ရာတွင် “ ၀င်ခုတ်တာကတော့ တနင်္လာနေ့ ညနေ ၁၀ နာရီလောက်မှာ ဖြစ်ပါတယ်။ ကုလား ၅ ဦးက နွားခိုးဖို့ ၀င်လာတယ်။ နွားမရတော့ လယ်တဲမှာနေတဲ့ လင်မယားနှစ်ဦးကို ဓါးနဲ့ ခုတ်သတ်ပါတယ်။ အနီးအနားက လူတွေလိုက်လာတော့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

ဓါးဖြင့် အခုတ်ခံရသူ လင်မယားနှစ်ဦးမှာ မောင်တောမြို့နယ် သာယာကုန်း ကျေးရွာမှ ဦးအရဲချေ (၆၃ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်ဝါပန်း (၆၀) နှစ်တို့ ဖြစ်သည်။

သူတို့နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ယခုအခါ မောင်တောဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

ယခုတလော မောင်တောမြို့နယ် နေထိုင်သော ရခိုင်အမျိုးသားများအား မူဆလင်ဘာသာဝင်များ၏ တိုက်ခိုက် သတ်ဖြတ်မူ ပိုမိုများပြားလာပြီး လွန်ခဲ့သောနှစ် ဒီဇင်္ဘာလ ၂၆ ရက်နေ့က မောင်တောမြို့ ကမ်းသာယာကျေးရွာမှ ဦးမောင်ထွီး (၆၅ နှစ်)ကို နွားကျောင်းနေစဉ် သတ်ဖြတ်ပစ်ခဲ့ပြီး နိုဝင်္ဘာလ ၂၄ ရက်နေ့ကလည်း ဒေါ်အောင်သာမေ (၅၀ နှစ်)ကို ဓါးဖြင့် အသေ ခုတ်သတ်သွားခဲ့သည်။

နိရဉ္စရာ

0 comments:

Post a Comment

ကျေးဇူးအထူးတင်ဟိပါရ

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP