Saturday, February 14, 2009

ဘင်္ဂလာစစ်တပ်နှင့် တိုက်ပွဲဖြစ်၍ ရခိုင်အဖွဲ့ဘက်မှ တဦးသေ တဦးဖမ်းဆီးခံရ

2/12/2009

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေခ်ျ့ စစ်တပ်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တဖွဲ့ ယမန်နေ့က တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားရာ ရခိုင်လက်နက်ကိုင် အဖွဲ့မှ တဦးသေဆုံးပြီး နောက်တဦးကို ဒဏ်ရာနှင့်အတူ ဘင်္ဂလာ စစ်တပ်က ဖမ်းဆီးရမိကြောင်း ဘင်္ဂလာ စစ်တပ် ပြောခွင့်ရသူ တဦးမှ ပြောသည်။

ရွာတော်ခေါ် ဘင်ဒရိုဘင် အခြေစိုက် အမှတ် ၆၉ တပ်မဟာမှ ပြောခွင့်ရ စစ်အရာရှိတဦးက အဆိုပါ တိုက်ပွဲ သတင်းကို အတည်ပြုပြီး ဘင်္ဂလာ စစ်တပ်ဘက်မှ တဦးဒဏ်ရာ ရရှိကြောင်း ပြောကြားသည်။

အစောပိုင်း ထွက်ပေါ် လာသော သတင်းအရ ရခိုင်အဖွဲ့ဘက်မှ တိုက်ပွဲတွင် နှစ်ဦးကျဆုံးကြောင်း သတင်း ထွက်ပေါ်ခဲ့သော်လည်း သေဆုံးသူမှာ တဦးဖြစ်ပြီး နောက်တဦးကို လက်နက်တချို့နှင့်အတူ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

ဘင်္ဂလာစစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားသော အဖွဲ့မှာ ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ (ဒီပီအေ) ဟု စစ်တပ်က ခန့်မှန်း ပြောဆိုပြီး ပြန်ပေးဆွဲခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို စစ်ဆင်ရေး လုပ်ပြီး ရှာဖွေနေစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာမှာ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင် ရုံမော်မြို့နယ်တွင်ဖြစ်ပြီး အဆိုပါ ဒေသမှာ မြန်မာနယ်စပ်နှင့် ထိစပ်နေသည်။

နိရဉ္စရာမှ အဆိုပါ တိုက်ပွဲ သတင်းနှင့် ပတ်သက်ပြီး ဒေသခံများကိုမေးမြန်းရာ သူတို့က ဒီပီအေနှင့် ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ပြောကြားပြီး တိုက်ပွဲတွင် ဒီပီအေဘက်မှ တပ်သားတဦး ကျဆုံးပြီး နောက်တဦးကိုမူ လက်နက်၎ လက်နှင့် အတူ ဘင်္ဂလာစစ်တပ်မှ ဖမ်းဆီးရမိကြောင်း ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဒီပီအေမှ တာဝန်ရှိသူ တဦးကို ဆက်သွယ် မေမြန်းရာ သူက “ မိမိတို့ အနေနှင့် အလှမ်းကွာဝေးသည့်အတွက် အဆိုပါ သတင်းကို ချက်ချင်း အတည်ပြုရန် ခက်ခဲကြောင်း” ပြောကြားသည်။

ယခုအခါ ဖမ်းဆီးရမိသည့် ဒီပီအေ တပ်ဖွဲ့ဝင်အား ဘင်္ဂလာ စစ်အာဏာပိုင်များ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း ဘင်ဒရိုဘင်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ပြောသည်။

“ တိုက်ပွဲက ယမန်နေ့ နံနက်က ဖြစ်တာပါ။ တောသား ငါးရာတန် အဖွဲ့ဘက်က တဦးသေပြီး တဦးဖမ်းရတယ်။ လက်နက် ၄ လက်ကို ဘင်္ဂလာစစ်တပ်က ရလိုက်တယ်လို့ သတင်းကြားတယ်။ အဖမ်းခံရတဲ့သူ နာမည်တော့ မသိပါဘူး။ သူ့ကိုတော့ စစ်ဆေး နေတယ်လို့ကြားရပါတယ်။” ဟုပြောသည်။

0 comments:

Post a Comment

ကျေးဇူးအထူးတင်ဟိပါရ

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP