ရခိင်ဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါက်တာ ဦးစောမြအောင်ကွယ်လန်
1/6/2009
|
![]() ဦးစောမြအောင်မှာ မြောက်ဦီးမြို့ ဇာတိဖြစ်ပြီး ဖခင် ဦးစောလှအောင်နှင့် မိခင် ဒေါ်ပန်းစံတို့၏ သားထွေး ဖြစ်သည်။ ဦစောမြအောင်မှာ ၁၉၈၈ ခုနှစ် န၀တ စစ်အစိုးရမှ ပါတီများကို ရွှေးကောက်ပွဲဝင်ရန်အတွက် ဖွဲ့စည်းခွင့်ပေးခဲ့ရာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို မျိုးချစ် ပြည်ချစ် ရခိုင်အမျိုးသားများနှင့် စုပေါင်း စတင်တည်ထောင်ခဲ့သူ တဦး ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်း၏ ဥက္ကဌ တာဝန်ကို သေဆုံးချိန်ထိ ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် န၀တမှ ပြုလုပ်သော ရွှေးကောက်ပွဲတွင် မြောက်ဦးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ လွတ်တော်ကိုယ်စားလှယ် အဖြစ် အရွှေးခံရသည်။ န၀တမှ ရွှေးကောက်ပွဲ အပြီးတွင် သူဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို မတရား ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်းတွင် သူ့အားဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပြန်လည် လွှတ်မြှောက်လာခဲ့သည်။ ဒေါက်တာ ဦးစောမြအောင်သည် မျိုးချစ်ရခိုင် တဦးဖြစ်ပြီး သေဆုံးသည့် အချိန်ထိ ရခိုင်အမျိုးသားကောင်းစားရေး ၀ါဒကို လက်ကိုင်ထားပြီး ရခိုင်အမျိုးသားများ ချမ်းသာကြီးပွားရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သူ ခေါင်းဆောင် တဦးဖြစ်သည်။ ဆရာကြီး ဒေါက်တာ စောမြအောင်၏ ရုပ်ကလပ်ကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ရေဝေးသုဿန်တွင် မိသဂြိုလ်ခဲ့ကြောင်း သိရသည်။ ဆရာကြီးတွင် ဇနီး ဒေါ်စောတင်နှင့် သားသမီး ၅ ဦး၊ မြေး တဦး ကျန်ရစ်ခဲ့သည်။ ဆရာကြီးကွယ်လွန် အနိစ္စရောက်သွားသဖြင့် ဆရာကြီး အတွက် ရခိုင်ပြည်သူများပါမက သူ၏ လုပ်ဖေါ်ကိုင်ဘက် ဗမာ အမျိုးသားများ တိုင်းရင်းသား ခေါင်းဆောင်များပါ အထူးဝမ်းနည်းကြေကွဲနေကြောင်း သိရှိရပါသည်။
|
0 comments:
Post a Comment